Friday, September 30, 2016

အသည်းနုသည်၊ ဆူးမစူးစေနှင့်



          "ဒီလောက် စိတ်လှုပ်ရှားနေရင်လည်း ကြိုသိရအောင် အာထရာဆောင်း ရိုက်ကြည့်လိုက်ပေါ့ နီရယ်" ဟူသော ခင်ပွန်းသည်၏စကားကို နီ ခေါင်းခါငြင်းပယ်ခဲ့မိလေသည်။ နီ စိတ်လှုပ်ရှားနေရတာတော့ အမှန်ပဲဖြစ်၏။ တကယ်တော့ တတိယမြောက်ကိုယ်ဝန်ကို ဆောင်ထားရသည့် အမျိုးသမီးတစ်ယောက်အနေနှင့် နီ ဤမျှ စိတ်လှုပ်ရှားနေဖို့ မကောင်းပါ။ ပထမအကြိမ် သားဦး ကိုယ်ဝန်ဆောင်စဉ်ကပင်လျှင် နီ ဒီလောက် စိတ်လှုပ်ရှားခြင်းမဖြစ်ခဲ့ဘဲ၊ သမီးကြီးကို ချောချောမောမော မွေးဖွားခဲ့ပေပြီ။ ပြီးတော့ ဒုတိယမြောက်သမီးကလေး။ ပြောပလောက်ဖွယ် အခက်အခဲနှင့် ဒုက္ခမရှိခဲ့။ သဘာဝကပေးသော မိခင်လောင်းတစ်ယောက်၏ သတ္တိနှင့် အင်အားအပြည့် နီ့ဆီမှာ ရှိခဲ့သည်။ နီ ဘာကိုမှ ကြောက်လန့်မနေခဲ့။

Friday, September 23, 2016

တိုင်တည်ခွင့်



ယု…

            ကိုယ့်လက်ရေးကို မင်းမြင်ရတဲ့အချိန်မှာ တုန်လှုပ်သွားလိမ့်မယ် ထင်တယ်။ မယုံကြည်နိုင်လောက်အောင် အံ့သြသွားလေမလားဘဲ။ ကိုယ် မင်းဆီကို စာရေးဖို့ ရည်ရွယ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကိုယ့်ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေဆိုတာထက် ဒုက္ခ သုက္ခတွေကို မင်းဆီမှာ ဖွင့်ဟပြောဖို့ဆိုတာ မင်းအတွက် မတရားဘူးလို့ထင်တယ်။ ကိုယ်ဟာ မင်းကို အဖန်ဖန်တလဲလဲ နာကျင်မှုတွေ ပေးနေတဲ့သူ မဖြစ်ချင်ပါဘူး။ အနည်းဆုံးတော့ ကိုယ် မြိုသိပ်ထားနိုင်ရမှာပေါ့။ ဒါပေမဲ့ ယုရယ်၊ ခုချိန်ခါမှာ ကိုယ် စကားတွေ အများကြီးပြောချင်နေတယ်။ ယုမဟုတ်တဲ့ တခြားတစ်ယောက်ယောက်ကို ပြောချင်နေတာ မဟုတ်ဘူး။

            ယုမျက်နှာကိုကြည့်ပြီး ပြောဖို့ဆိုတာ၊ ကိုယ် တွေးကြည့်မိခဲ့ပါသေးတယ် ယု။ နောက်ဆုံးတော့ ကိုယ် စာရွက်နဲ့ ဘောပင်ကိုပဲ ကောက်ကိုင်ခဲ့မိတယ်။ ကိုယ်ရေးနေကျ ဖောင်တိန်ကို ယု မကြိုက်တာ ကိုယ် သတိရနေဆဲပါ။ "ယုဆီကို စာရေးရင် ဘောပင်နဲ့ပဲရေးပါ ကို၊ မင်စိုဆိုရင် ရေထိမခံဘူး။ မျက်ရည်ထိရင်ပဲ စာတွေက ပျက်ကုန်ရော၊ ကို့ကိုလွမ်းရင် ယုက ကိုရေးတဲ့စာတွေ ခဏခဏ ပြန်ဖတ်ဖြစ်လို့ပါ"

Wednesday, September 14, 2016

သတ္တမမြောက်နေ့



          ကျွန်မ တကယ်မယုံချင်ပါဘူး။ ဒေါသသွေးတွေ ဆူဝေပြီး ရဲရဲနီနေတဲ့ သူ့မျက်နှာဟာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်တဲ့ မျက်လုံးတွေနဲ့ သိသိသာသာကြီး ပျက်ယွင်းသွားခဲ့တာ တကယ်ကို သနားစရာကောာင်းလှပါတယ်။
          "သင်သင်… သင်သင်…"
         

Wednesday, September 7, 2016

စူးနစ်ခဲ့သော မြားချက်များစွာတို့နှင့်




စာစု (၁)

          မနက်ဖြန် သူ ပြန်လာတော့မည်။ ဌာနဆိုင်ရာ တာဝန်တစ်ခုနှင့် ဂျပန်သို့ နှစ်လတာ ခရီးထွက်ခွာသွားသော ကျွန်မ၏ချစ်သူ ပြန်လည်ရောက်ရှိလာတော့မည်။ သူ့ကို ကျွန်မ မတွေ့မြင်ရသည်မှာ လအတန်ငယ် ကြာခဲ့ပြီ။ တကယ်ဆို သူနှင့် ကျွန်မ ဝေးကွာမှုက နှစ်လတာ အချိန်မျှသာ ဖြစ်သင့်သည်။ ငါးလ။ တွေးကြည့်လိုက်စမ်းပါ။ ငါးလဆိုသော အချိန်ကာလတစ်ခုတိုင် ကျွန်မအား စာနှင့်လည်းကောင်း၊ ဖုန်းနှင့်လည်းကောင်း မည်သို့မျှ အဆက်အသွယ်မလုပ်ဘဲ ပစ်ပယ်ထားခဲ့သော လူတစ်ယောက်ကို ကျွန်မ သွားတွေ့သင့်ပါရဲ့လားဆိုတာ။