"နောင်ဝေေ၀ဝေ… နောင်ဝေေ၀…..ဝေေ၀"
ရွှေရောင်ပြောင်နေသည့် ကြေးစည်လေး၏ ကော့တက်နေသော
အဖျားစွန်းကို သစ်သားပွတ်လုံး လက်ခတ်လေးဖြင့် နာနာထုချလိုက်သောအခါ လွင်လွင်စည်စည်ထွက်လာသည့်
နွဲ့၏ ကြေးစည်သံသည် အိမ်အနီးအနားဝန်းကျင်တစ်ခွင်သို့ ကြည်နူးဖွယ်ရာ အသံတစ်ခုအဖြစ် တိုးဝင်ပျံ့လွင့်သွားလေ၏။
နွဲ့၏ကြေးစည်သံကို ကြားပြီဆိုတာနှင့် အရှေ့ဘက်အိမ်မှ ကိုသက်မောင် မိခင်ကြီး ဒေါ်စိန်သုံ
သာဓုခေါ်တတ်မြဲဖြစ်၏။ ဒေါ်စိန်သုံကား မနက်စော လေးနာရီခွဲကပင် ဘုရားဝတ်ပြုပြီးချေပြီ။