အားလုံးကတော့ ကျွန်တော့်အလွန်ဟုသာ ပြောချင်ပြောကြပေလိမ့်မည်။ မတတ်နိုင်။ ကျွန်တော့်ရင်ထဲကလာသော ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်လို့မရခြင်းအပေါ် ကျွန်တော် ဘာတတ်နိုင်မည်နည်း။ ကေသီအောင်ကို ကျွန်တော် လွမ်းသည်။ ပြီးတော့ မမလှိုင်ကို ကျွန်တော် လွမ်းသည်။ ကျွန်တော့်ကိုယ် ကျွန်တော် ဒီလောက် လွမ်းတတ်လိမ့်မည်ဟု အရင်က မထင်မိခဲ့။ အဆောင်နေ ကျောင်းသားဘ၀မှာ အိမ်ကိုလွမ်းသည့် ခံစားမှုလေးတွေတော့ ရှိခဲ့သည်။ သို့သော် သူငယ်ချင်းတွေနှင့် အချိန်ကုန်ခဲ့တာကြောင့် ပြောရလောက်အောင် မလွမ်းခဲ့ရ။
Sunday, March 26, 2017
မြားနတ်မောင်မှ စီရင်ခွင့်
အားလုံးကတော့ ကျွန်တော့်အလွန်ဟုသာ ပြောချင်ပြောကြပေလိမ့်မည်။ မတတ်နိုင်။ ကျွန်တော့်ရင်ထဲကလာသော ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်လို့မရခြင်းအပေါ် ကျွန်တော် ဘာတတ်နိုင်မည်နည်း။ ကေသီအောင်ကို ကျွန်တော် လွမ်းသည်။ ပြီးတော့ မမလှိုင်ကို ကျွန်တော် လွမ်းသည်။ ကျွန်တော့်ကိုယ် ကျွန်တော် ဒီလောက် လွမ်းတတ်လိမ့်မည်ဟု အရင်က မထင်မိခဲ့။ အဆောင်နေ ကျောင်းသားဘ၀မှာ အိမ်ကိုလွမ်းသည့် ခံစားမှုလေးတွေတော့ ရှိခဲ့သည်။ သို့သော် သူငယ်ချင်းတွေနှင့် အချိန်ကုန်ခဲ့တာကြောင့် ပြောရလောက်အောင် မလွမ်းခဲ့ရ။
အရှေ့ဘက်ပိန်းရိုင်းတောဆီကအပြန်
တစ်ခုသောကျောင်းဖွင့်ရက်နေ့တစ်နေ့က သန်လျင်မှာရှိသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ကျွန်မရောက်ခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကြီးတွင် ကျွန်မနှင့် ကျောင်းနေဘက် သူငယ်ချင်းများရှိသည်။ သူငယ်ချင်းများနှင့် တွေ့ဆုံဖို့ အရှေ့ပိုင်းတက္ကသိုလ်သို့ သွားရောက်ရန် စိတ်ကူးခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် မဆုံတွေ့ဖြစ်ခဲ့။ လွန်ခဲ့သည့် ဆယ်လေးငါးနှစ်ကျော် ကာလတစ်ခုကတက္ကသိုလ် ဆရာ၊ ဆရာမများအလုပ်ခေါ်စဉ် ဆောက်လုပ်ပြီးစအရှေ့ပိုင်းတက္ကသိုလ်သို့ ကျွန်မတို့ သူငယ်ချင်းတွေ စုရုံးသွားခဲ့ဖူးကြသည်။ ကြာခဲ့ပြီပေါ့။
Saturday, January 21, 2017
ဒုတိယကြိုး
လွမ်းတယ် မေဇင်။
ကျွန်တော် မေဇင့်ကို သိပ်လွမ်းတယ်။
ရိုးလှဖြူဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်ခွင်ကနေ
မေဇင့်ကို ကျွန်တော်လွမ်းနေတာပါ။ လွမ်းတယ်ဆိုတဲ့ ခံစားမှုတစ်ခုကို မေဇင့်ကြောင့် ကျွန်တော်
ရခဲ့တယ်။ အံ့သြစရာ ဘယ်လောက်များကောင်းသလဲဆိုရင် မေဇင်နဲ့ နေ့စဉ်ရက်ဆက် တွေ့နေရတဲ့ ကာလတွေမှာတောင်
ကျွန်တော် မေဇင့်ကို လွမ်းနေခဲ့ဖူးတယ်။ မေဇင်နဲ့ နံနက်ပိုင်းတွေ့ပြီး နောက်တစ်ရက်မနက်
ပြန်တွေ့တဲ့အခါ -
"ညက မေဇင့်ကို လွမ်းလိုက်တာ တအားပဲ"
လို့ ကျွန်တော်ပြောပြတုန်းက မေဇင်မယုံနိုင်ဘူးလေ။
Sunday, December 4, 2016
၂၁ ရာစု နို့ဆီတစ်ဘူးနှင့် တင်တင်ဝင်း
"ဘ၀မှာ နေပျော်ပြီလား" ဟူသော မေးခွန်းကို မေးလေ့ရှိသည့်
သူငယ်ချင်းတစ်ယောက်ကို သူမ မကြာခဏ သတိရတတ်ပါသည်။ မတွေ့ရသည်မှာ နှစ်အတန်ငယ်ကြာသွားပြီဖြစ်သော
ထိုသူငယ်ချင်းမနှင့် ပြန်တွေ့ပြီဆိုလျှင် ရှုံ့မဲ့မဲ့မျက်နှာထားဖြင့် "အမလေး အခုမှ
ဘ၀က ပိုဆိုးလာတာ" ဟု အဖြေပေးမိပေလိမ့်မည်။ သူငယ်ချင်းမကတော့ "တင်တင်ဝင်းရယ်
နင်ဟာလေ ဒီလောက်ပြည့်စုံတဲ့ဘ၀မှာတောင် စိတ်တိုင်းကျအောင် မနေနိုင်သေးဘူးလား" ဟု
အပြစ်တင်စကားဆိုလေမှာဘဲ။ သူမ ဘယ်အချိန်တုန်းကမှ စိတ်တိုင်းကျသည့်ဘ၀ မရောက်ခဲ့သလို စိတ်တိုင်းကျဘ၀ဆိုတာ
ဘယ်အချိန်မျိုး ဖြစ်လိမ့်မလဲဟု မျှော်လင့်ထားခဲ့ခြင်းလည်း မရှိ။
Monday, November 7, 2016
သူ၏ချစ်သူ
(၁)
တစ်စုံတစ်ရာ ကြိုတင်ကြားသိမထားဘဲ ရုတ်ချည်းမြင်တွေ့လိုက်ရသော
ဧည့်သည်ကြောင့် ကျွန်မ အံ့သြမှင်သက်သွားမိသည်။
"အံ့သြသွားလား"
"အစ်ကိုဇော်"
သူ၏ အစဉ်အမြဲပြုံးနေတတ်သော မျက်နှာပေါ်မှာ
နှစ်လိုနွေးထွေးသော အပြုံးတို့ ဝေဆာလျက် ကျွန်မကို ငေးစိုက်ကြည့်ရင်း နှုတ်ဆက်လိုက်ခြင်းဖြစ်၏။
ကြာခဲ့ပြီပေါ့။ သူနှင့် ကျွန်မ ဝေးကွာခဲ့သည်မှာ ခြောက်နှစ်ကျော် ကြာခဲ့လေပြီ။ အစ်ကိုဇော်ဟု
ကျွန်မကခေါ်နေကျဖြစသော သူသည် ကျွန်မနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ခဲ့သော ယောက်ျားလေး
မိတ်ဆွေတစ်ယောက်ဖြစ်လေသည်။ တက္ကသိုလ်တက်စဉ်ကာလတစ်လျှောက် လေးနှစ်လုံးတွဲခဲ့သော သူငယ်ချင်းတွေလည်းဖြစ်၏။
တကယ်တော့ သူနှင့်ကျွန်မ တက္ကသိုလ်ချင်းမတူကြ။ ပြီးတော့ သူက ကျွန်မထက် အသက်လေးနှစ်နီးပါးပိုကြီး၏။
သို့ပေမဲ့ ကျွန်မနှင့်သူ အတန်းနှစ်တန်းသာ ကွာခြား၏။ ကျွန်မ ပထမနှစ် ကျောင်းသူဘ၀မှာ
သူက တတိယနှစ်ကျောင်းသားအဖြစ်သာ ရှိသေး၏။ သူ့အပြောကတော့ "ကိုယ်တို့က တောသားတွေမို့
အသက်ကြီးပြီး အတန်းမရောက်တာပါကွာ။ လယ်ထဲယာထဲဆင်းနေရတာနဲ့ ပညာရေးကို သိပ်အားမပေးကြတော့
တော်ရုံလူ ပညာတတ်ဖြစ်ဖို့ မလွယ်ဘူး" ဟု သူပြောဖူးတာ ကျွန်မ သတိရနေမိသည်။
Subscribe to:
Posts (Atom)