(၁)
မိဝါ…
နင် ငါ့ကို
စိတ်ဆိုးနေမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ငါ ဘာမှလုပ်မပေးနိုင်တော့ဘူး မိဝါ။ ဒီအဖြစ်အပျက်ရဲ့
တရားခံဟာ ငါတစ်ယောက်တည်းပဲလို့ ငါ နားလည်လက်ခံထားပါတယ်။ မလေးနဲ့ ငါ့ကို မျက်နှာချင်းဆိုင်ဆုံပေးဖို့
နင် မကြိုးစားပါနဲ့တော့ဟာ။ ငါ ဘယ်တုန်းကမှ အမိန့်ပေးလို့မရတဲ့ နင့်ကို ငါ အနူးအညွတ်
တောင်းပန်လိုက်တာပါ။
နင့်အမုန်းကို
ခံနိုင်ရည်ရှိဖို့ ကြိုးစားနေတဲ့…
ဖိုးကြာ