ဇန်န၀ါရီလ
(၁)ရက်နေ့ပါ ဖေဖေ။ ဖေဖေ မှတ်မိပါသေးရဲ့လား။ "နှစ်တစ်နှစ်ကုန်တိုင်း ကုန်တိုင်း
သားရဲ့ အသက်တစ်နှစ် ပိုကြီးလာလိမ့်မယ်" လို့ ဖေဖေ သားကို သင်ထားပေးခဲ့တာလေ။ နှစ်တစ်နှစ်ကုန်ဆုံးပြီးနောက်
နှစ်သစ်တစ်ခုရဲ့ ပထမဦးဆုံးလ၊ ပထမဦးဆုံးရက်မှာ မွေးဖွားခဲ့တဲ့ သားရဲ့မွေးနေ့အတွက်
ဖေဖေ သိပ်ကို ၀မ်းမြောက်ကျေနပ်ခဲ့ပါသတဲ့။ မေမေကလည်း ဖေဖေလိုလားခဲ့တဲ့ သားဦးယောက်ျားလေးကို
မွေးဖွားသန့်စင်ပေးနိုင်ခဲ့ခြင်းအတွက် အတိုင်းထက်အလွန် ကြည်နူးဝမ်းသာခဲ့ရပါသတဲ့။
Sunday, November 22, 2015
Thursday, November 5, 2015
ကွက်လပ်ဖြည့်ပါ
ဘယ်ကနေ
စ,ပြောရမလဲဆိုတာတောင် ခပ်ခက်ခက်ပဲဗျာ။ ပြောမှတော့ဖြစ်မယ်၊ ပြောချင်နေတာလည်း ကြာလှပြီမို့လား။
တကယ်ဆို ကျုပ်ဆိုတဲ့ကောင်က စကားများများပြောတတ်တဲ့ကောင် မဟုတ်ဘူးဗျ။ ဒါပေမယ့် ကျုပ်
အိမ်ထောင်ကျတဲ့အချိန်မှာ အသက် ၂၂ နှစ်ပဲရှိသေးတယ်။ စကားနည်းပြီးတစ်ယောက်တည်း အေးအေးနေတတ်တဲ့
ကျုပ် စောစောစီးစီး မိန်းမရခဲ့တာကို တစ်ရွာလုံးအံ့သြကြရတာပေါ့။ ပြီးတော့ ကျုပ်မိန်းမ
မတင်မိဆိုတာက အင်မတန်စကားပြောနိုင်တဲ့ အမျိုးသမီးဖြစ်နေတာကိုး။
Subscribe to:
Posts (Atom)